
အလေ့ရိုးရိုး နေ့ မျိုးများစွာ
ဘ၀ခါးခါး ညများစွာနဲ့ 
ထပ်တူကျခဲ့...ကိုယ့်နေ့ စွဲများ..
ဘ၀ပင်လယ် အ၀ကျယ်မို့ 
နိမ့်သူ ဖိနှိပ်
မကောင်း စိတ်ကြောင့်…
နှုတ်ဆိတ်နေထား..
မပြောအားဘူး….
ကောင်းကင်မော့ကြည့်
ဟော အတိနဲ့  တိမ်စိုင်တိမ်ခဲ
ထိုမိုးသားလည်း…ပြိုကာပျက်ကျ
ငိုကာချဖို့  သူအားကူလို့ ….
ဆွေမနီး မျိုးဝေး
ထိုအတွေးက ရေးရေးနှိပ်စက်
အိပ်ဖို့ ခက်ခဲ…
တွေးနက်ဆဲမို့ …
ကြယ်ကလေး ဟန်ဆောင်
သူ ပြုံးယောင်လည်း…
လမင်းကြီးဝါ
သူ ထိန်သာလည်း…
စိတ်မှာ မပျော်….
အိပ်ယာပေါ်မှ…
ကမ်းနှင့် ခရီး..
လှမ်းလင့်ပြီးမို့ …
ရှေ့ သို့ မျှော်ရည်
ဆက်ရပေမည်….
အာရုံမိုးသောက်…
ချိန်ခါရောက်ပေါ့….
5 comments:
အာရုဏ်မိုးသောက်..အမြန်ရောက်ပါစေဗျာ။
yu ya
အော် ကိုယုယလဲ အဆွဲခံချင်ပြီထင်တယ် တရား ပြောပါတယ် ၁ လာယူတယ် ဟွန်းးးးးးး ကျေနပ်ဘူး
မမဆူးရေ မမက ကဗျာ စပ်တာ ဝါသနာပါတယ် ထင်တယ်နော် ကောင်းပါတယ် မမရေ အားပေးလျှက်ပါ ဆက်ရေးနော်
ဒီကဗျာလေး ခံစားရတယ် ညီမလေးရေ...
အားပေးနေတယ်နော်။
အလေ့ရိုးရိုးနေ့တွေ
ဘဝခါးခါးညတွေနဲ့
ထပ်တူကျခြင်းကကွဲလွဲနိုင်ပါစေဗျာ
ကဗျာလေးကမိုက်တယ်
လင့်လေးလည်းပြန်ယူသွားပါတယ်ခင်ဗျ
အသစ်တင်တိုင်းသိရအောင်လို့
ပျော်ရွှင်ပါစေဗျာ :)
Post a Comment