ကာရံရဲ့  blog လေးကို စတင်လို့ ရအောင် စိတ်ရော လူပါ ကူညီပေးခဲ့တဲ့ ညီမငယ် ငှက်ကလေးကို အထူးပဲ ကျေးဇူးတင်ကြောင်း ပထမဦးစွာ ပြောပါရစေ…ဘယ်ကမှန်းမသိ ဘယ်သူမှန်းမသိပေမဲ့ တကယ့်ကို စိတ်အရင်းခံနဲ့  ကူညီပေးခဲ့တာကြောင့်ပါ…သူ့ ကြောင့် ကျွန်မလဲ online ပေါ်က မောင်နှမတွေက တကယ်ကို ချစ်ဖို့ ကောင်းတဲ့ စိတ်ကလေးတွေ ရှိပါလားလို့ တွေးရင်း လေးစားမိပါတယ်…
တကယ်တမ်းကျတော့ ကျွန်မက သူများတွေရဲ့  အိမ်တွေကိုပဲ လိုက်လည်ရင်း အားကျနေခဲ့တာ ကြာပါပြီ…ကိုကိုယ်တိုင် မဖန်တီးနိုင်သေးလို့ ..အားငယ်နေရင်း မနိုင်းနိုင်း စနေမှာ ငှက်ကလေးနဲ့  စသိခဲ့ရတာပါ…ဒါတောင် ကိုယ့် အပြောမတတ်မှုကြောင့် ငှက်ကလေးက အထင်လွဲသွားသေးတယ်… တော်သေးတာက ငှက်ကလေးက စိတ်မဆိုးလို့ …ကျေးဇူးပါ ငှက်ကလေး…
အခုတော့ ဘာမှမဟုတ်ပေမဲ့ ကျွန်မရဲ့ ရင်ဖွင့်စရာ နေရာလေးရယ် တိုင်ပင်စရာ သူငယ်ချင်းတွေရယ် အကြံတွေ ပေးမဲ့ မိတ်ဆွေတွေရယ်ကို ဒီနေရာမှာ ဆုံရမှာမို့ အတိုင်းမသိ ကြည်နူးမိပါတယ်…
အပြင်အဆင်တွေ သိပ်မလှသေးတဲ့ ကျွန်မရဲ့  blog လေးကို နောက်များမှ အခွင့်သင့်သလို သူများတွေဆီက လေ့လာသင်ယူရင်း (ငှက်ကလေးကိုလဲ အားနာလို့ ) လှလှပပလေးဖြစ်အောင် ပြင်ဆင်သွားပါ့မယ်နော်..အခုတော့ အရမ်းရေးချင်တာလေးတွေကို မျိုသိပ် မထားနိုင်တော့လို့  ဒီအတိုင်းလေးပဲ တင်လိုက်ပါတယ်…
အားလုံးကို ကျေးဇူးတင်လျှက်……
ကာရံဆူး
2 comments:
စိတ်မဆိုးပါဘူး မမဆူးရ ညီမက အဲလိုပဲ စ တတ်တာကိုးးး အဟားးးးး ပို့စ်တင်လိုက်တာ ပြောလဲ မပြောဘူး နေဦး လင့်ခ် ချိတ်ထားလိုက်မယ်နော် အခုတော့ အပြင်ကနေ ဝင်တာမို့လို့ သိလား ဆက်ရေးနော် အားပေးနေတယ် သိလား
ဟုတ်တယ် အွန်လိုင်းက မောင်နှမတွေအား လုံး ခင်ဖို့ကောင်းတယ် နောက် မမ တွေ့မှာပါ ပြီးတော့ ပျော်လဲ ပျော်သွားမှာ စိတ်ချ
အိုး...အမှတ်မထင်ပဲ ငှက်ကလေးက ပျံသန်းလာတာကိုး... ကျေးဇူးပါ ငှက်ကလေးရေ...အားပေးလို့ ရော ကူညီလို့ ရောပေါ့...အစ်မလဲ ဆက်လက် ကြိုးစားနေပါ့မယ်...
Post a Comment