ရှင်သန်ရာ ကမ္ဘာမြေကြီး အတူတူ
ပက်ကြားအက်ပြီး အဆီအနှစ် မရှိတဲ့ မင်းရင်မှာ…
ငါရဲ့ ရစ်နှစ်သည်းချာ ပျိုးပင်လေးတွေကို
တယုတယ ပေါင်းတင် ရေလောင်းလို့ ရော..
လွတ်လပ်စွာ ရှင်သန်ခွင့် ရှိမှာတဲ့လား..
အနှောင်အဖွဲ့ ကင်းတဲ့ ကောင်းကင်ပေါ်မှာ
ပျံသန်းတဲ့ ငှက်တွေချင်းအတူတူ
မင်းရဲ့ ချုပ်နှောင်မှုနဲ့  တောင်ပံ ရိုက်ချိုးခံထားရတဲ့
ငါ့ ငှက်ကလေးတွေခမျာ အဆုံးအစမဲ့
လွပ်လပ်စွာ ပျံသန်းခွင့်ရှိမှာတဲ့လား…
မိုးကုပ်စက်ဝိုင်းအောက်က
ပင်လယ် ၊ သမုဒ္ဒရာတွေရှိရက်နဲ့ 
ကမ်းစပ်ကို အနားသပ်နေတဲ့ မင်းရဲ့ 
တစ်ကိုယ်ကောင်းဆန် အတ္တတွေကြောင့်
ငါ့ရဲ့  ကြည်လင်အေးမြတဲ့ စမ်းချောင်းကလေးတွေ
လွပ်လပ်စွာ တသွင်သွင် စီးဆင်းနိုင်ပါ့မလား…
ကြည့်မ၀တဲ့ သဘာဝတရားရဲ့ 
အလှအပတွေရှိတဲ့ လောကကြီးမှာ
မင်းရဲ့ မိုက်မှောင်လောဘတွေကြောင့်
ငါတို့ ရဲ့  ပကတိဖြူစင်မှုတွေနဲ့ အတူ
အာရုံစက္ခုတွေ အလင်းမှောက်လို့ 
အမြင်တွေ ကမောက်ကမနဲ့ 
ဘယ်ဘ၀ ဘယ်ဘုံတောင် ရောက်နေရပါလိမ့်…………
5 comments:
လမ်းဆုံးရင်ရွာတွေ့မယ်
ပျောက်ဆုံးနေတဲ့ဘုံကိုတွေ့နိုင်ပါစေ
ကဗျာလေးက လှပတယ် သေသပ်တယ်
ကောင်းမွန်ပြည့်စုံပါကြောင်းဗျာ ။
ကိုသားကြီးရေ...ပေးသောဆုနဲ့ ပြည့်ရပါလို၏..ကျေးဇူးအထူး တင်ရှိပါကြောင်း...
ကဗျာလေးကြိုက်တယ် ညီမလေးရေ...
သေချာနေပီ ကိုသားကြီး ရှေ့နေ ကောင်းကောင်းသာ ငှားထား အားအားနဲ့ယားယား သူများ အိမ်တွေမှာ ၁ လိုက်ယူမှု ဟွန်းးးးးးးးးးးးး
မမဆူးရေ ကဗျာလေး နှစ်သက်စွာ ဖတ်သွားတယ် အဟီးးးး ရင်ဘတ်ကြီးနဲ့ဖတ်တယ်ပြောတော့ဘူးနော် ဟားးးးးးးးးးးးဟားးးးးးးးးးးးးးးးး
ခင်မင်လျှက်
ငှက်ကလေး
Post a Comment