Wednesday, August 12, 2009

တိတ်တခိုး ရှိုက်သံ


တုန်ခါ ဖျစ်ညှစ်ထားတဲ့ စကားလုံးတွေနောက်မှာ
ခပ်ခြောက်ခြောက် ရယ်သံတွေလိုက်ပါလဲ
ရင်ဘတ်ထဲက အောင့်တောင့်တောင့်…
နှုန်း အမြန်နဲ့ ရုန်းကန်ရတာတွေ
အသုံးမတန်ပဲ ပြောတဲ့ အဆူအဆဲကြားက
ဟန်ဆောင်ကာ အလိမ်ညာတွေသုံး
မပြုံးတပြုံးနဲ့  မတုံးချင်ပဲ တုံးနေရတဲ့ဘ၀…
ချွေးစက်တွေ မြေကျမှ အနေလှမယ်ဆိုပါလား…
အခြေမမဲ့ပေမယ့်…နေခဲ့တဲ့…..အိမ်
ဒီ အိမ်ရဲ့ အမိုးအောက်က မိသားစုတွေ
စားဝတ်နေရေးလောက်ငှဖို့
ချွေးတွေ ပေါက်ပေါက်ကျအောင် ရုန်းကန်လို့ နေရင်းပါ…
အနေရ ကျဉ်းပေမဲ့ မိဘတွေပေးတဲ့ မေတ္တာအလင်းကြောင့်..
အားတင်းလို့ နေဆဲပါပဲ…
လင်းတစ်ခါ မှောင်တစ်လှည့်နဲ့ 
အလှည့်ကျရက်တွေကလဲ ချစားလို့ 
လ က နှစ်တွေပြောင်းခဲ့ပြီ…
မဟောင်းသေးတဲ့ စိတ်ကူးက
အကြောင်းလေးတွေ ဖန်လာရင်…
မိဘရင်ခွင်ဆ်ီကိုတော့ တစ်ခါပြန်ချင်သား..
ဒါပေမဲ့……
ခေါင်းပေါ်က ကောင်းကင်မှာ
ဖြတ်ပျံ သွားတဲ့ လေယာဉ်ပျံနောက်…
ခပ်ကြောင်ကြောင် ငေးကြည့်ရင်း………..
မိသားစု ပုံရိပ်တွေ ထပ်ကြပ်မကွာ လိုက်ပါသွားတာတောင်…
ယောင်လို့ သက်ပြင်းတောင် မချနိုင်သေးဘူးလေ…

4 comments:

ငှက်ကလေး said...

စိတ်သိပ်ရှုပ်ထွေးနေလား မမဆူးရေ အဆင်ပြေ ပျော်ရွှင်ပါစေကွယ်

ဒီကဗျာလေး မတွေ့မိလို့ အခုမှ မန့်ဖြစ်ပါတယ် ရောက်ရောက်နောက်ကျ ခွင့်လွှတ်ပါ

ဘိုင်နော်

ကာရံဆူး said...

ဟုတ်တယ်..ငှက်ကလေးရေ..တစ်ခါတစ်လေလည်း ကိုယ်က ဘာမှန်းတောင် မသိတော့ဘူး...ဘာမဟုတ်တဲ့ သူတွေက မတူမတန်တွေ ပြောကြတယ်လေ...ဘာပဲဖြစ်ဖြစ် အားတင်းထားဆဲပါပဲ..လာလည်တာ ကျေးဇူးပါ..

မယ့်ကိုး said...

ငှက်ကလေးတွေ အဝေးကို ဘယ်လိုပျံလည်း တစ်နေ့တော့ အသိုက်ကလေးပဲ ပြန်လာကြ။
ပြန်ဆုံကြ။

ညီမလေးရေ... ပျံနေတုန်းခဏ ပျော်ပါစေ။

Unknown said...

သက်ပျင်းတွေ မကြာခင်ချနိုင်ပါစေလို့........(ဆုတောင်း)။:)