Tuesday, August 11, 2009

အိပ်မက်ကျွန်

စိတ်ကူးနဲ့ လက်တွေ့ ရဲ့ ကွာခြားချက်က
သုံး နဲ့ လေးလို
ကျောချင်းကပ် နေပေမဲ့ နီးစပ်ဖို့ က မဖြစ်နိုင်..
စိတ်ကူးကို သေချာ အပိုင်တွက်လို့ 
မမြင်နိုင်တဲ့လမ်းကို
အားကြိုး မာန်တက်
ခြေတစ်လှမ်းက စခဲ့တယ်…
နေ့ နဲ့ ည ခြားနားချက်ကြားက..
အသက်မဲ့ ၀ိဥာဉ်နဲ့  အသားကျနေတဲ့
အိပ်မက်နဲ့ စိတ်ကူးတွေကတော့
နာရီလက်တံတွေ တလှုပ်လှုပ်နောက်ကို
ဗိုက်ထဲက တကြုတ်ကြုတ် အသံတွေနဲ့ အတူ…
လိုက်ပါလို့ သွားခဲ့…
အသပြာနောက် ကောက်ကောက်လိုက်လို့ 
အငိုက်မိတဲ့ မာနကတော့
ကိုယ့်ပါးကိုယ် ရိုက်ကြည့်နေသလိုပဲ…
စိတ်ကူး အိပ်မက်ကို လက်တွေ့ မှာ
အကောင်အထည်ဖော်ဖို့ 
ဘယ်မှာလဲ ခွန်အား…
ဟော…ဟိုနားက ကျွန်စနစ်ကြားမှာ
နွံနစ်နေလေရဲ့ ….

4 comments:

ငှက်ကလေး said...

ဝေးးးးးးးး ဘာတွေနစ်နေတာတုံး ပြန်ဆွဲထုတ်လိုက်လေ ဟဟဟ စ သွားတယ်နော် ဟိဟိ

ကာရံဆူး said...

အိပ်မက်နောက် ကောက်ကောက်လိုက်ရင်း ကျွန်လို ဖြစ်နေလို့ ပါငှက်ကလေးရယ်...နွံဆိုတော့ ရုန်းလေ နစ်လေပေါ့...

မယ့်ကိုး said...

အသပြာနောက် ကောက်ကောက်လိုက်လို့ 
အငိုက်မိတဲ့ မာနကတော့
ကိုယ့်ပါးကိုယ် ရိုက်ကြည့်နေသလိုပဲ…

စာလေးလှလိုက်တာ ကာရံလေးရေ...
အိပ်မက်ကျွန်ကနေ အိပ်မက်သခင် အရှင်ဖြစ်ဖို့ ကံလည်းကူ လူလည်းထူမှ ဖို့ အစ်မတို့ ကြိုးစားကြတာပေါ့...

ကာရံဆူး said...

ကျေးဇူးပါ မမကိုး..ဘာပဲဖြစ်ဖြစ် စကားလေး တစ်ခွန်းကလည်း အားဆေး တစ်ခွက်ပါ...ရုန်းရင်း ကန်ရင်း ကြိုးစာကြတာပေါ့နော်...