Showing posts with label မွေးနေ့ . Show all posts
Showing posts with label မွေးနေ့ . Show all posts

Thursday, June 3, 2010

HAPPY BIRTHDAY!!!!

ဒီကနေ့ က သက်ဆိုင်သူကြီးရဲ့ မွေးနေ့ မင်္ဂလာ အခါသမယပါ...ပိတ်ရက် မဟုတ်လို့ သူလဲ ကိုယ့်ဆီမလာနိုင်သလို ကိုယ်လဲ သူ့ ဆီ မသွားနိုင်လေတော့...မွေးနေ့ ပွဲကို ခမ်းခမ်းနားနား ကြီးကြီးကျယ်ကျယ် မလုပ်ပေးနိုင်တော့လေ...ဖြစ်ချင်တော့ မနက်ကတောင် ထူးဆန်းစွာ အိပ်ရာထ နောက်ကျလိုက်သေးတယ်...တကယ်က မနက်စောစောမှာ wish လုပ်မယ်လို့ မှန်းထားတာလေ...၈နာရီ ၂၀မှ နိုးလေတော့ ငါးမိနစ်အတွင်း ရေချိုး သွားတိုက် သနပ်ခါးလူးတာကို ဟိုက်စပိနဲ့ လုပ်ပြီး ကမန်းကတန်း ဖုန်းထဲကနေ birthday wish လှမ်းလုပ်ရသေးတာ...ဖုန်းကို ကြည့်လိုက်တော့ missed call က ၂ ကောတောင်...ကိုယ်လည်း အိပ်ပျော်သွားလို့ စိတ်ဆိုးလားမေးတော့ ဆိုးပါဘူးတဲ့...အိပ်ပျော်နေတယ်ထင်လို့ ထပ် မခေါ်တော့တာတဲ့...အဲ့ဂလို သဘောကောင်းတာ... ကဲ အကျွေးအမွေး စရအောင်...လာလည်တဲ့ မောင်နှမတွေကို ကျွေးချင် မွေးချင်တဲ့ စေတနာက တားမရ ဆီးမရ ဖြစ်နေလေတော့ မမောမပန်း ရှာဖွေ အဲ့...ချက်ပြုတ်ထားတာလေးနဲ့ တည်ခင်း ဧည့်ခံပါရစေနော်...

ကဲ ၀ိုင်သောက်ကြရအောင်


ဒါကတော့ ကြက်ဆင်


ဝက်သားစားတဲ့ သူတွေအတွက် သုံးထပ်သား ကျွတ်ကျွတ်လေးနော်..


ဟော..ဒါက ဘဲ


အော် အပေါ်က ဟာတွေ မကြိုက်ဘူးလား..ဒါလေး စားကြည့်နော်...ကျောက်ပုဇွန် ရဲရဲလေး...


မကြိုက်သေးဘူးလား...ဒီမှာ ငါး...


အသီးအရွက်သုပ်လေးလဲ ပါသေးတယ်..


ကိတ်မုန့် နဲ့ ရေခဲမုန့် ကတော့ နောက်ဆုံး အစီအစဉ်ပေါ့နော်...အ၀စား အားမနာနဲ့ နော်...



ဘာပဲစားစား သယ်ရင်းတို့ ရေငတ်မယ်ဆိုတာ သိနေတယ်လေ...အဆင်သင့်ပဲ...ရော့


အော်...အိမ်အပြန်လက်ဆောင် ဒါလေးလဲ ဆောင်သွားနော်...


ကဲ အားလုံး ဗိုက်မ၀သေးရင် ကာရံမွေးနေ့ ကြမှသာ လာစားကြတော့နော်...
ခုတော့ ရှာဖွေစုဆောင်းရတာ ညောင်းသွားပြီ...ဟီးဟီး

ချစ်ရပါသော သက်ဆိုင်သူကြီးလဲ ချစ်သောသူနဲ့ ပေါင်းဆုံရပြီး ပျော်ရွှင် အေးချမ်းသာယာပါစေ...ကျန်းကျန်းမာမာနဲ့ လိုအင်တွေ ပြည့်လို့ လိုရာပန်းတိုင် အရောက်လှမ်းနိုင်ပါစေလို့ ဒီလို အကျယ်ကြီး ဆုတောင်းပေးလိုက်ပါတယ်...


ယနေ့ ကြွလာမိတ်သဟာ ချမ်းသာကိုယ်စိတ်မြဲပါစေ...

ကာရံဆူး

images source : google