Showing posts with label ခရီးသွားသည်... Show all posts
Showing posts with label ခရီးသွားသည်... Show all posts

Wednesday, May 19, 2010

Cameron Highland သို့ အလည်တစ်ခေါက်....

ခုတလော စာမရေး ၊ ကဗျာမရေးဖြစ်တာ အတော်ကို ကြာနေပါပြီ...လာလည်တဲ့သူများကိုလဲ အားနာမဆုံးပါဘူး...

ဒါကြောင့် ခုတလော လျှောက်သွားဖြစ်တဲ့ နေရာလေးတွေနဲ့ ပဲ နှစ်သိမ့်ပါရစေ...

အသိတစ်ယောက် သူ့ မိသားစု လာလည်လို့ လိုက်ပို့ ရင်း ကိုယ်က ကပ်မြှောင်လိုက်သွားတာပါ... မနက် (၅)နာရီခွဲမှာ အိမ်က ကားစထွက်လို့ စတော်ဘယ်ရီ စိုက်ခင်း ၊ လက်ဖက်စိုက်ခင်း နဲ့ တခြား စိုက်ခင်းတွေရှိတဲ့ တောင်ပေါ် (Cameron Highland)ကို မနက် (၈)နာရီခွဲလောက်မှာ ရောက်ပါတယ်...တလမ်းလုံး အိပ်သွားလို့ လမ်းရှုခင်းတွေ တစ်ပုံမှ မရိုက်လိုက်ရပါ...ကားပေါ်ပါသူများက လမ်းမှာ “ဟာ နှင်းတွေ နှင်းတွေ”ဟု အော်မှသာ မျက်စိပွင့်တော့သည်...ဟုတ်သည် လမ်းကို မြူတွေ နှင်းတွေက ကာဆီးထားသည်...

တောင်ပေါ်တက်လာသည်နှင့်အမျှ လေက အေးသည်...

ဒီဆိုင်မှာ...လက်ဘက်ရည်သောက်ကြတယ်...နောက်က လက်ဖက်စိုက်ခင်းတွေပေါ့...



ချစ်စရာ့စတော်ဘယ်ရီ...


စတော်ဘယ်ရီတွေ ဒီလို ခူးခဲ့တယ်... တစ်ကီလို မလေးငွေ(၃၀)တဲ့...



ရေတံခွန်ကို ရောက်ပြီ...


ရေတံခွန်နားမှာ ပေါက်တဲ့ပန်း ဘာပန်းလဲ မသိပါ...


ရေတံခွန်ထိပ်မှာ ကျားကုတ်ကျားခဲ ခြေကုတ်ယူပြီး ရိုက်တာပါ...လှချင်လွန်းလို့ ... :)


အပြန်လမ်းမှာ နုဖတ်နေတဲ့ မျှစ်ဆို့ ကြီးတွေ ရောင်းတာတွေ့ လို့ ဝယ်ခဲ့သေးတယ်...ဓါတ်ပုံတော့ မရိုက်ဖြစ်ပါ....
လတ်လတ်ဆတ်ဆတ် ဟင်းသီးဟင်းရွက်တွေရယ် ၊ နှင်းဆီပန်းတွေရယ် ၊ သစ်ခွပန်းတွေရယ် ၊ နောက်ကျွန်မ မသိတဲ့ အပင်စုံတွေရောင်းတဲ့ဆိုင်ပါ....သစ်ခွမျိုးတွေ အများကြီးပဲ ကျွန်မ မမြင်ဖူးတာတွေလဲပါတယ်...


လမ်းက တောင်မှာ ကပ်ပေါက်တဲ့ သစ်ခွတွေကိုလဲ ခက်ခက်ခဲခဲ ရအောင် ခူးတဲ့သေးတယ်...

ပန်းတွေနဲ့ ဝေနေတဲ့ ကျွန်မ...


တောင်အောက်ရောက်တော့ အားလုံးက ဗိုက်ဆာနေပြီမို့ ထမင်းစားကြတယ်...တောင်တက် တောင်ဆင်း အကွေ့ အ၀ိုက်က များပြီး ကြာလို့ ခေါင်းမူးသွားတဲ့ ကျွန်မကတော့ မစားဖြစ်တော့...ပါလာသော အသိရဲ့ ကလေးနှစ်ယောက်လဲ တဝေါ့ဝေါ့နှင့် ဆန်ပြုတ်တွေ ထုတ်လာတာ ကားတစ်စီးလုံးလဲ ချဉ်ဖတ်စော်နံနေတော့သည်...:P ဘာမှ မစားချင်တာကြောင့် ၀ယ်လာသော စတော်ဘယ်ရီသီးတွေပဲ ထိုင်စားနေလိုက်တယ်...

ထိုမှ တစ်ခါတည်း ဆက်သွားဖြစ်တဲ့ ပီနန်ခရီးကိုတော့ နောက်တစ်ပိုင်း ရေးပါမည်...ခုတော့ နားပါဦးမယ်...