Tuesday, August 11, 2009

အားလျှော့ခြင်း


ရင်နှစ်ခြမ်းကို ခြေအဆင်း
လမ်းခင်းလို့ ပေးခဲ့တယ်..
နင် နင်းရာ ခြေလှမ်းတိုင်းမှာ
ငါ့နှလုံးသား ပန်းပွင့်ပေါ့…
နင် လိုရာခရီးရောက်မှ
ငါ့ရင်က သောက မီးတောက်တွေကို
အပြီးဖျောက်နိုင်မှာလေ…
တစ်နေ့ တစ်ရက်နဲ့ 
အမေ့ခက်တဲ့ နေ့ ရက်တွေကို ကျော်လွန်လို့ 
အဖော်မွန် နင် တစ်ယောက်
လိုရာကို မရောက်မှာစိုးတဲ့
ငါ့ရဲ့ စောကျောတဲ့ ဇောတွေကြောင့်
နင် အမောတွေ မပျောက်ခဲ့ရင်
ငါဟာ နင့်ဘ၀မှာ မွှေနှောက်တဲ့ မုန်တိုင်းသဖွယ်
နင်ပျက်ရယ်ပြုရက်နိုင်ပါတယ်...
ဒါပေမဲ့ ငါကြားရတဲ့စကား
နင့် နှုတ်ဖျားကမှ ဟုတ်ရဲ့ လားလို့ 
ငါ သံသယ ရှိရပေမဲ့
ဒီရင်မှာ ထိရှလွန်းလို့ 
အတိအကျထား သစ္စာတရားကို
အမိအရ ဆုပ်ကိုင်ထားမိတဲ့
ငါ့လက်တွေကို ဖြေလျှော့လိုက်တယ်…..

5 comments:

ငှက်ကလေး said...

မစပ်တတ်ပေမယ့်  ခံစားတတ်ပါတယ်နော် ရင်ဘတ်ကြီးနဲ့ ခံစားသွားတယ် သိလား

ကာရံဆူး said...

ငှက်ကလေးဆိုတော့ ရင်ဘတ်လဲ သေးရမှာပေါ့..ဘယ်နှယ့် ရင်ဘတ်ကြီးနဲ့ ခံစားရတာတုန်း..ဟိဟိ

မယ့်ကိုး said...

ကာရံလေးရဲ့  ကဗျာလေးအောက်ခြေမှာ ဆက်ဖတ်ရန်လို့ နှိပ်လို့ရရင် ကောင်းမှာ။ အခုခေါင်းစဉ်ကို ပြန်နှိပ်ရလို့ ...

ဒီရင်မှာ ထိရှလွန်းလို့ 
အတိအကျထား သစ္စာတရားကို
အမိအရ ဆုပ်ကိုင်ထားမိတဲ့
ငါ့လက်တွေကို ဖြေလျှော့လိုက်တယ်….. တဲ့လား။
တစ်ခါတစ်လေတော့လည်း...

ကဗျာလေးကောင်းလိုက်တာ ကာရံလေးရေ...
အားပေးနေပါတယ်။

ကာရံဆူး said...

မမကိုးရေ..ဖတ်ရတာ အဆင်မပြေရင် ကာရံကို ခွင့်လွှတ်ပါလို့ တောင်းပန်ပါရစေ..ကာရံက ဘာမှ မလုပ်တတ်ဘူးလေ..ဒီလိုလေး ဖြစ်လာတာတောင် ဆရာမ ငှက်ကလေးရဲ့ ညွှန်ကြားချက်ကြောင့်ပါ..အပြင်အဆင် လှပဖို့ လေ့လာရဦးမှာပါ...အရမ်းကို လှသွားတဲ့ တစ်နေ့  မမကိုးကို အကြောင်းကြားမယ်နော်...အခုတော့ ဒီလောက်လေးနဲ့ ကျေနပ်နိုင်ပါစေလို့ ....

Unknown said...

ကဗျာကောင်းတစ်ပုဒ်ပဲဗျာ။