Friday, February 26, 2010

တစ်ကိုယ်တော် တိုက်ပွဲ


“ဘ” နဲ “့ဝ” စခဲ့ရ
ဒီဘ၀ ဒီတခဏတာ
မျှော်တွေးကာ အတွေးချော်တော့
မောကျောစိုက် မောလိုက်သည့် ဖြစ်ချင်း….
ပုခက်တွင်း ခုန်ဆင်းကာစ
ဘာမှန်းမသိတဲ့ “ဘ၀”မို့ 
အဆုံး အစ မရှိ ပျော်လိုက်သည့် ကိုယ့်အဖြစ်နှယ်…
လူ အချင်းချင်းရယ်နှင့်
လူအတွင်းပေါင်းဖော်ကြည့်မှ
ခေါင်းမော်နေကြတဲ့ “မာန”
ခ၀ါချတဲ့သူ နည်းလေစွ…
အတောမသတ် ဇောကပ်နေတဲ့
“လောဘ”တွေရယ်
စာဖွဲ့ စီ မကုန်နိုင်တယ်…
မယုံနိုင်ဖွယ် ပြောပြရ
စောကျောကာ ထွက်လာရ
“ဒေါသ”က ရှေ့ ကပါ…
အမှားအမှန် မသိလေကွဲ့ 
ကျားကန်ကာ ရုန်းခဲ့ရ
မှန်မှားရယ် ဒွေးရောယှက်တင်
မပြောချင်တော့တဲ့ ဒီ “မောဟ”တွေ…
လောက “ဒဏ်” ထွေထွေရယ်…
“ မေမေရယ်… ကူပါဦး” လို့ 
ပြောချိန်ရယ် လွန်ခဲ့ပြီ….
“ငါ”ဆိုတဲ့ “အတ္တ” တစ်ခု
အစပြုလို့ ထွက်ခဲ့တဲ့ ဒီခရီး…
မပြီးသေး မနီးဝေးမို့ 
မဆုံးနိုင် ဒီလမ်းကို
အရှုံး အနိုင် မသေချာသေးသရွေ့ တော့
ရှေ့ ဆက်ကာ တိုက်ပွဲနွှဲဖို့ 
အားမာန်နဲ့ ခဲ…..

2 comments:

မိုးခါး said...

အားတင်းထားပါ
ဘ၀ဆိုတာ တိုက်ပွဲလို့ ဆိုထားတာကိုး ..း)

ထိုက်ဦး said...

ကိုယ်လောဘနဲ့ကိုယ်အရှုံးမပေးပါနဲ့
အားတင်းထားပါ...;)