Saturday, October 3, 2009

သီတင်းကျွတ်ချိန်ခါ...


ဆီမီး ထွန်းညှိ မီးပုံးပျံလွှတ်
သီတင်းကျွတ်ကာ ဤချိန်ခါဝယ်
အမိအဖ ၊ ဘိုးဘွား ၊ ဆရာ ကျေးဇူးဖြာကို
ကိုယ် နှုတ် ၀စီ ထိုသုံးမည်နှင့်
ကျူးလွန် မှောက်မှား အမိုက်များအား
စိတ်မှာမေ့ဖျောက် အပြစ်မရောက်ရန်
ဆယ်ဖြာရှိခိုး လက်စုံမိုး၍
ညွှတ်တွားခယ ဦးချပါသည်
ဤ မင်္ဂလာ အခါသမယတည်း..
အဝေးရောက်သား သမီးများမှာ
ရေမြေတွေခြား မိဘများနှင့်
မနီး ဝေးကွာ ထိုနေရာများ
မမြင်နိုင်ကား စိတ်မှာထား၍
ကျေးဇူးကိုဆပ် မမေ့အပ်သည့်
မျက်လုံးစုံမှိတ် အရိပ်တို့ အား မြင်ယောင်မှန်းထင်
ကန်တော့ပန်းဆင်လို့ ဦးထိပ်တွင်ထား
ပြားပြားဝပ်ဆင်း ဘုရား ခြေရင်း၌
ယုံကြည်မြတ်နိုး ရှိခိုးပါသည်…
ဤ မင်္ဂလာ အခါသမယတည်း….

5 comments:

ဝက်ဝံလေး said...

ကျက်သရေ မင်္ဂလာရှိလှပါပေမယ် ဆူးရေ

တာ့တာ

မယ့်ကိုး said...

ညီမလေးရေ..ကဗျာလေး လာဖတ်သွားပါတယ်။ကောင်းခြင်းမင်္ဂလာနဲ့ ပြည့်စုံပါစေ။

ရင်ရဲ့ ရိုးရာ said...

ကာရံဆူးက ဒီလိုလဲရေးသေးသကိုးဗျ ကျက်သရေ မဂ်လာရှိတဲ့ကဗျာလေးပဲဗျ ကဗျာဖတ်ပြီး ကြည်နူးဝမ်းသာ ဖြစ်၍ပြန်သွားပါတယ်း))

Angel Shaper said...

ကဗျာလေးကို ဖတ်သွားတယ်။
ကာရံရေးတတ်လိုက်တာနော်။

သားကြီး said...

အလဲ့
ကဗျာလေးကကိုယ်ပိုင်လားဗျ
ဒါမျိုးလည်းရေးတတ်သေးတာပဲကိုး
တော်၏ ။