Friday, October 9, 2009

စွဲလန်းမှု ပြဿနာ

လောကတွင် လူအပါအ၀င် သတ္တ၀ါအပေါင်းတို့ သည် မသိခြင်းငါးမျိုးဖြင့် ရှင်သန်နေထိုင်ကြသည်။ ထို မသိခြင်းများမှာ-

၁။ မည်သည့်အရွယ်တွင် သေမည် မသိခြင်း
၂။ မည့်သည့်ကာလ (နံနက် ၊ နေ့ လည် ၊ ည) အခါ၌ သေမည် မသိခြင်း
၃။ မည်သည့်ရောဂါဘယ နှင့်သေမည် မသိခြင်း
၎။ မည်သည့်ဒေသ၌ သေမည် မသိခြင်း
၅။ သေပြီးနောက် မည်သည့်ဘုံရောက်မည် မသိခြင်း တို့ ဖြစ်ပါသည်။

ထိုသို့ ရေရေရာရာ မသိသော ဘ၀၌ ကျင်လည် နေကြသော လူ ၊ သတ္တ၀ါများ အဖို့ တွင် ဘ၀ အာမခံချက်ဟူသည် အဘယ်နည်း ။ မိမိ ဘ၀သည်ပင် သေချာရေရာမှု မရှိပါက ဘယ်အရာသည် သေချာမှုရှိမည်နည်း ။ ဤကဲ့သို့ မသေချာ မရေရာမှုများကို မသိသော အချို့ သော လူများသည် အရာရာကို မှန်းကာ ရမ်းကာဖြင့် “မျက်ကန်းတစ္ဆမကြောက်” လျှောက်နေကြပေသည်။ တချို့ က ပိုင်ဆိုင်သည့် ပစ္စည်း ဥစ္စာ ရာထူး ပညာ ပေါ်၌ တပ်မက်ခြင်း တချို့ သည် ဆန္ဒများ၌ ပျော်မွေ့ ၍ တချို့ ကတော့ သံယောဇဉ် အပူမီးများနှင့် ပျော်မဆုံး မော်မဆုံး ရှိနေကြသည်။ ယင်းသို့ တပ်မက်ကာ အပျော်ကြီးပျော်နေသော ပုထုဇဉ်အရေအတွက်မှာ များပြားလွန်းသောကြောင့် သေသည့် အခါတွင် ငရဲသို့ လားသော ဦးရေမှာ မည်မျှများပြားကြောင်း ဘုရားရှင်က အောက်ပါအတိုင်း မိန့် တော်မူသည်။

မြတ်စွာဘုရားရှင်က “ ချစ်သား ချစ်သမီးတို့ ငါဘုရား လက်သည်းပေါ်က မြေမှုန်လေးနှင့် မဟာ ပထ၀ီမြေကြီး ဘယ်အရာက များသလဲ” လို့ မေးမြန်းသည့် အခါ မဟာ ပထ၀ီ မြေကြီးက များသည်ဟု ဖြေဆိုကြရာ ဗုဒ္ဓဘုရားရှင်က “ ချစ်သား ချစ်သမီးတို့ ဒီ ဥပမာ အတိုင်းပဲ လူ့ ဘ၀ကနေ သေပြီးတော့ သုဂတိလို့ ခေါ်တဲ့ လူ့ ဘုံ နတ်ဘုံ ဗြဟ္မာဘုံ ရောက်တဲ့ လူသားတွေဟာ ငါဘုရား လက်သည်းပေါ်က မြေမှုန့် လောက်ရှိပြီး ငရဲ ၊ တိရစ္ဆာန် ၊ ပြိတ္တာ ၊ အသူရကယ် ဆိုတဲ့ အပါယ်လေးဘုံကိုကျတဲ့ လူသားတွေကတော့ ဟောဒီအောက်က မဟာပထ၀ီ မြေကြီးပေါ်က မြေမှုန်လောက် ရှိတယ်လို့ ” ဟောကြားတော်မူခဲ့ပါတယ်။

ပုထုဇဉ် လူသားများအဖို့ တွင် ကောင်းမှုထက် မကောင်းမှု၌ မွေ့ ပျော်လွယ်ကြပေသည် ။ ရရှိပိုင်ဆိုင်ထားသည့် အရာများပေါ်၌ တပ်မက်လွန်းကြသည် ။ သံယောဇဉ် ကြီးလွန်းကြသည် ။ “ငါ” ဟူသော အတ္တကို မြဲမြံစွာ ဆုပ်ကိုင်ထားကြသည် ။ ပုထုဇဉ် လူသားများကို မဆိုထားနှင့် ရဟန်းသံဃာများပင် အယူမှား အစွဲမှား၍ ငရဲသို့ လားရပေသည် ။ ပုံပြင်လေးတစ်ခုနဲ့ ဥပမာပေးပါမည်။

ဗုဒ္ဓလက်ထက်တွင် တိဿအမည်ရှိ ရဟန်းတစ်ပါးသည် ရဟန်းကျင့်ဝတ်နှင့် ညီသော ရဟန်းမြတ် တစ်ပါး ဖြစ်ပေသည်။ တစ်နေ့ သောအခါ သူ၏ တူမက လှူတဲ့ သင်္ကန်းသည် အင်မတန်မှ နူးညံ့ ပျော့ပျောင်းသော သင်္ကန်းဖြစ်သည့်အတွက် ရဟန်းသည်ပင် ပုထုဇဉ် ဖြစ်သောကြောင့် တပ်မက် စွဲလန်းမိရှာသည်။ သင်္ကန်းလေးအား စွဲလန်းရှာလွန်းတော့ ကျိန်းရင်တောင်မှ ခေါင်းအုံးအောက်တွင် ထား၍ ကျိန်းပါသည်။ ညသန်းခေါင်အခါ၌ ပုထုဇဉ် ဆိုသည့်အတိုင်း မည်သည့်အရွယ်တွင် သေမည်ကို ကြိုတင် မသိနိုင်ရကား ရောဂါတစ်ခုဖြင့် ပျံလွန်တော်မူလေသည် ။ ရဟန်းသံဃာများ အပ်နှံမထားခဲ့လျှင် ကျန်ရှိသော ပစ္စည်းသည် “ မတသန္တက” မည်၏ ။ ထို့ ကြောင့် ကျန်သော သံဃာတွေက ဝေခြမ်းယူမည် လုပ်တော့ သင်္ကန်းခေါက်ထဲမှ အသံကြီး တစ်သံ ထွက်ပေါ် လာပါသည်။

“ ငါ့သင်္ကန်းကို မယူကြနဲ့  ငါ့သင်္ကန်းကို မယူကြနဲ့ ” သို့ သော် ရဟန်း သံဃာများက မကြားဘူး ဘုရားရှင်က ကြားတော့ သူတို့ ရဲ့ ဝေခြမ်းမှုကို ခေတ္တ ဆိုင်းငံ့ခိုင်းတယ် ။ “ ချစ်သားတို့ မဝေခြမ်းကြနဲ့ ဦး ။ တိဿ ရဟန်းကြီးဟာ သင်္ကန်းကို စွဲလန်းတဲ့ လောဘကြောင့် သင်္ကန်းခေါက်ထဲမှာ သန်းပြိတ္တာကြီး ဖြစ်နေတယ် ။ မကျွတ်သေးဘူး ၇ ရက်စေ့မှကျွတ်ပြီး နတ်ပြည်ရောက်မှာ ဖြစ်လို့ ၇ရက်ပြည့်မှ ဝေခြမ်းကြပါ” လို့မိန့် တော်မူတယ် ။ ထို့ နောက် ၇ရက် ပြည့်မှ သန်းပြိတ္တာ ဘ၀မှ လွတ်ပြီး နတ်ရွာသုဂတိကို လားပါတယ် ။ ရဟန်းသံဃာများသည်ပင် အပါယ်လေးဘုံသို့ ကျရောက်တတ်လျှင် စာရေးသူ အပါအ၀င် ပုထုဇဉ်များအဖို့ ကား ဆိုဖွယ်ရာ မရှိချေ။

ထို့ ကြောင့် စာဖတ် ပရိသတ်ကြီးလဲ စွဲလန်းမှုများကို တတ်နိုင်သလောက် ဖြည်းဖြည်းချင်း လျှော့ကာ စွဲလန်းမှု လောဘကို အပြီးတိုင် ပယ်သတ်နိုင်ကြပါစေ ။ မသိခြင်းများနှင့် အသက်ဆက်နေရသော လူ့ ဘ၀ကလေး ရခိုက်၌ ကောင်းမှုနှင့်သာ ပျော်မွေ့ ကာ ကုသိုလ် သဒ္ဒါစိတ်များ ပွားများနိုင်ရန် ရည်ရွယ်၍ ဆရာတော် အရှင်ဇ၀န (မေတ္တာရှင် - ရွှေပြည်သာ) ရေးသားသော မိရိုးဖလာ ဗုဒ္ဓဘာသာနှင့် တကယ့်ဗုဒ္ဓဘာသာ တရားတော် စာအုပ်မှ အကြောင်းအရာတို့ အား ကိုးကား ရေးသားလိုက်ရပါသည်။ နောက်လည်း အလျဉ်းသင့်သလို ဖော်ပြပေးသွားပါမည်။ ဆရာတော်၏ မူရင်း ရေးသားမှုအား ဖတ်ရှုလိုပါက ဒီမှာ သွားရောက် ဖတ်ရှုနိုင်ပါသည် ။

13 comments:

Unknown said...
This comment has been removed by the author.
Unknown said...

ဟဲဟဲ... အမကာရံဆူးရေ...
ဆောတီး ဆောတီး... သတိမမူ ဂူမမြင်တဲ့....

ခွင့်လွှတ်နော်...

စွဲလန်းမှု ပြဿနာကြောင့်ပဲဖြစ်မယ်ထင်တယ်နော်....
:P :P :P :P :P

အခုလိုပြန်လည်မျှခံစားပေးတဲ့အတွက် ကျေးဇူးပါဗျာ...
သာဓု သာဓု သာဓု

ပျော်ရွှင်ချမ်းမြေ့ပါစေ အမ ကာရံဆူး

ခင်တဲ့
လူကြမ်းတော့ဘူး ဟဲဟဲ လူကြမ်းလေးပါ...

Unknown said...

ဟဲဟဲ :P :P :P မသိခြင်း မှားတဲ့အခါလည်း မှားပေမပေါ့...

တို့ကတော့ ကြောက်တယ်ဗျို့.. တိဘူး.... တို့က မြင်နေတာဆိုတော့ ကြောက်မိတာပေါ့....

တိတယ်တဲ့ တူက ... တော် လိုက် တာ နော်....

တို့လည်း သိနေပါတယ်.. .ပြောပြဘူး.. ဟဲဟဲ...

Unknown said...

ကာရံလေး...


မယ်မဒီလေးလားမှားမိတယ်ဆိုတာလားမသိ....

မသိဘူး အဲဒါတော့...

သိတာတော့ သိနေတယ်.... မယ်မဒီ...

ကာရံလေးတော့ တိဘူး... ညင်မှညင်ဖူးတာလေ...

သေချာတာကတော့ ကာရံလေးပဲ.... ဟဲဟဲ...

Unknown said...

များစွာလှသော ကွန်မာန်တွေအတွက် ကျေးဇူးပါဗျာ။ပေးပဲပေးတတ်တယ်။:)))))))))))

Unknown said...

တင်ဇာမော်ပြဿနာကို လာဖတ်သွားပါတယ် ခင်ဗျာ့။သန်းပြိတ္တာကြီးလိုတော့ မဖြစ်ခံနိုင်ပေါင်။

Unknown said...

ဘုရား ဘုရား ဘုရား...

တော်သေး၏ ...
စာလုံးပေါင်း ပြန်ထည့်ပေးသွားလို့... (ဆုံးမဟုတ်ဘူးနော်တဲ့)

တကယ်တော့ မသတ်ရက်ပါဘူးဗျာ...

မှန်တာပြောရင် ရွာပြင်ရောက်တယ်ဆိုတာ ဟုတ်မယ်...
တိဘူးပြောတာကို သူက ... :( :( :(
မယုံဘူးလား တကယ်ပြောတာ

ပြောပေးကြပါ သူ့ရဲ့ပုံရိပ်တွေ ....
တခါမှ မသိဘူးလို့....
မယုံဘူးဆို ဓါတ်ပုံပြ ဒါပဲ...

ပြန်ပြီ အိပ်ပြီ...

လူကြမ်းကြီး

yangonthar said...

စွဲလမ်းမှုတော့ အကြီးသား မွေးကတည်းက ပါလာ တာဆိုတော့ ပညာနဲ့ သာ မသတ်ရင်ဒီ ကိလေသာ တွေနဲ့  ငရဲပြည်ကို အသံမထွက်ပဲ များ ရောက်သွားမလား ပဲ
မျှဝေတဲ့အတွက်
ကျေးဇူး မကာရံရေ
ခင်တဲ့
ရန်ကုန်သား :)

maylay said...

မျှဝေတာကို လာယူသွားပါတယ် ။ ကျေးဇူးပါနော် ကျန်းမာပျော်ရွှင်ပါစေ

မယ့်ကိုး said...

ညီမလေးရေ..တရားလာနာသွားပါတယ် =)

ဝက်ဝံလေး said...

ပြန်လည်ဝေမျှပေးတဲ့ မကာရံဆူးကို အထူးပဲ ကျေးဇူး တင်ရှိပါတယ်နော် ဟီးးးးးးး အဲဒီ အတ္တ ငါ ကြီးကို ပြုတ်အောင် လုပ်ရမယ်နော် ဟုတ်တယ်မလား

Angel Shaper said...

အော်........လူကြမ်းကြီး ဒီမှာ လာသောင်းကျန်းနေတယ်ပေါ့။ ပြန်လာခဲ့စမ်း။ ဆုံးမရမယ်။ သူများအိမ်မှာ ဟင်းးဟင်းးးးးးးး
ဟိဟိ
မကာရံရေ.... မှတ်သားသွားပါတယ်နော်။
ကျေးကျေးပါ။ အပေါ်က ကိုလူကြမ်းကြီးကို နာနာဆော်ဟ။ ဟိဟိ

သားကြီး said...

စွဲလမ်းခြင်းထဲမှာ ဘလော့ကိုစွဲလမ်းတာလည်း
ခက်တယ်ဟာ
ဒီလိုတန်ဘိုးရှိတဲ့ပိုစ်လေးအတွက် ကျေးဇူး