Friday, May 14, 2010

ဆက်လက်ဖြန့် ဝေပေးပါ...

ပဲခူးတိုင်း(အနောက်ပိုင်း) ပြည်ခရိုင်အတွင်းရှိ ကျေးရွာ ၂၆ ရွာတွင် သောက်သုံးရေ အခက်အခဲ ဖြစ်နေပါသဖြင့် ကူညီလှူဒါန်းလိုပါက 095370101 ကို ဆက်သွယ်ပေးပါ။ ကျေးဇူးပြုပြီး ဆက်လက်ဖြန့်ဝေပေးပါရန်...

(အသိ ဦးဇင်းတစ်ပါးမှ အကူညီတောင်း၍ တင်ပေးလိုက်ပါသည်...မြန်မာနိုင်ငံတွင် ပူပြင်းလွန်း၍ သောက်သုံးရေ အခက်ခဲ ဖြစ်နေကြပါသည်...အိမ်ကို ဖုန်းဆက်မေးတော့လဲ တချို့ နယ်တွေမှာ ဖြစ်နေကြပြီး နိုင်ငံပိုင် သတင်းစာတွင်လည်း ဖော်ပြထားသည်ဟု ပြောပါသည်... မြန်မာပြည်သူ ပြည်သားတွေလဲ မင်းမကောင်းလို့ သဘာဝဒဏ်တွေ ခံနေကြရတာ စိတ်မကောင်းဖြစ်မိပါတယ်...)

3 comments:

မယ့်ကိုး said...

ညီမလေး ခုလိုမျှပေးတာ ကျေးဇူးတင်ပါတယ်။

ဘယ်လိုဆက်သွယ်လှုဒါန်းရမယ်ဆိုတာ ပြည့်ပြည့်စုံစုံဖော်ပြပေးရင် အရမ်းကောင်းမှာပဲနော်။ ဥပမာ စင်္ကာပူမှာဆို ဘယ်သူ့ကိုလဲ ဆိုတာမျိုးလေးပါ။

SHWE ZIN U said...

ကျေးဇူးဘဲ ညီမရေ

မြန်မာပြည်ကြီးမှာ တကယ့်ကို အခြေအနေဆိုးပါတယ် နေ့စဉ် ရာချီပြီး အပူလွန်ရောဂါကြောင့် ဆေးရုံရောက်နေ ကြပါတယ် တချို့ ဒေသ တွေမှာ တွင်းတွေ ရေခန်းသွားတဲ့ အတွက် တော်တော် အခြေအနေ ဆိုးပါတယ်

ရွှေစင်

မင်းအိမ်ဖြူ said...

မင်းမကောင်းဘူး .....................

အင်း နာမည်တောင် ပြောင်းမလားစဉ်းစားနေတယ် ... P:

ပြီးမှ စဉ်းစားကြည့်တော့ သူတို့က မင်းမှ မဟုတ်တာ ...

မတရား လုထားတဲ့ .............................