Thursday, April 15, 2010

လွမ်းတယ် ပိတောက်ရယ်...


လွမ်းမိတယ်
ကိုယ်မညာချင်ပါဘူး
အမြဲတမ်း မဟုတ်တောင်
တစ်နှစ်တစ်ခေါက်တော့
ဒါမှမဟုတ်
ဒီအချိန်တွေ ရောက်တိုင်းပေါ့
ရူးလောက်အောင် လွမ်းမိပါရဲ့ …
မင်းမရှိတဲ့ နေရာ မင်းမရှိတဲ့ ရာသီတိုင်း
တို့ လွမ်းမိတိုင်း မျက်ဝန်းကို မှိတ်
မင်းအရိပ်ပဲဖြစ်ဖြစ် မင်းရနံ့ ပဲဖြစ်ဖြစ်
တိုးတိတ်စွာ လွမ်းနေဆဲပါ…
နာရီတိုင်း မသိ ရာသီတိုင်း မင်းမရှိပေမဲ့
ဒီအချိန်ရောက်ရင်တော့
အခါမှီသစ္စာရှိစွာ မင်းပြန်လာတတ်တာ
တို့ ဝမ်းမြောက်မိဆဲပါ….
ဒါပေမဲ့လဲလေ
တို့ အနားမှာ မင်းမရှိပေမဲ့
ဝေးဝေးကလွမ်းနေသူ တစ်ယောက်မို့ 
ခပ်ဖြည်းဖြည်းလေးပဲ ဖြစ်ဖြစ်
တိုးတိတ်ညင်သာ ခြေသံများစွာနဲ့ 
အိပ်မက်ထဲတော့ လာခဲ့ပါနော်…

** ညက ပိတောက်တွေ အိပ်မက်မက်လို့ ရေးမိတဲ့ ကဗျာလေးပါ...**

5 comments:

Angel Shaper said...

အလွမ်းးးးများးးငြိမ်းးစေတည်းးးးးးးးးးးးးး
နှစ်ဟောင်းနဲ့အတူအလွမ်းများ ကုန်လွန်ပါစေ။
နှစ်သစ်မှာ ပျော်ရွှင်ချမ်းမြေ့ပါစေကြောင်းးးးးး။

မယ့်ကိုး said...

အလွမ်းများငြိမ်းလို့ နှစ်သစ်မှာ ပျော်ရွှင်ချမ်းမြေ့ပါစေ ညီမလေး ...

ကိုလူထွေး said...

အိပ်မက်ထဲက ပိတောက်ကရော တနှစ်မှာ တခေါက်ပွင့်တာလား...

းဝ)

ကာရံဆူး said...

သမီးကြီး နဲ့ မမမယ်ကိုးရေ နှစ်သစ်ဆုတောင်းအတွက် ကျေးဇူးပါ...ကိုလူထွေးရေ..အိပ်မက်က တစ်နှစ်တစ်ခါ မက်တာ ထင်တာပဲ..တစ်ခါမှ မမက်ဖူးဘူးလေ...ပိတောက် အရမ်းလိုချင်တဲ့နေ့ က အိပ်လိုက်လို့ အိပ်မက်ထဲ ရောက်လာတာ ထင်တယ်...တစ်နှစ်တစ်ခေါက်တော့ အရမ်းလွမ်းတာ အသေအချာပဲ..

မြစ်ကျိုးအင်း said...

နောက်ကျပြီးမှ ရောက်လာလို့ အတူတူ ပိတောက် မလွမ်းလိုက်ရတော့ဘူးး)

နှစ်သစ်မှာ ပျော်ရွှင်ပါစေဗျာ