Friday, September 18, 2009

အခါမှီ နောင်တ


မာယာဝတ်ရုံနက်ကို လွှမ်းခြုံလို့ 
အသံလုံတဲ့ ခြေသံတွေနဲ့ ဝင်လာပြီး
အသွားထက်ထက် ဓါးတစ်ချောင်းကို
မျှော်လင့်ချက်တွေ လိမ်းကျံလို့ 
မောင့်ရဲ့ ရက်စက်မှုသွေးတွေ စွန်းထင်နေတဲ့ လက်နဲ့ 
ကျွန်မ နှလုံးသားထဲ စိုက်ချခဲ့တယ်…

အချစ်တစ်ခုကို မြဲမြံစွာ ကိုင်တွယ်ထားမိလို့ 
ပြန်လည်ပြီးလဲ မနှုတ်ရက်ပါဘူး…
မျှော်လင့်ချက်တွေ ကျွန်မ နှလုံးသားထဲ
စိမ့်ဝင်သွားတဲ့ ထိပေါ့…

ငြိုးဆိပ်သင့် ၀ိုင်တစ်ခွက်က..
ခါးသီးပြင်းရှပေမဲ့…
ချိုသက်တဲ့ ပျားရည်စက်လို
ကျွန်မ မျိုချခဲ့ဖူးတယ် မောင်…

အရံသင့် ခင်းထားတဲ့ လမ်းမဟုတ်လို့ 
ကြမ်းမယ်ဆိုရင်လဲ
မောင့်လက်ကို မြဲမြဲတွဲလို့ 
ခပ်ရဲရဲ ကျွန်မ လျှောက်မှာပါပဲ…

နွေနေ့ ခင်းလို ပူပြင်းတဲ့
လောင်မြိုက်မှုတွေကြောင့်
မောင့်ရဲ့ လောင်းရိပ်အောက်ကို
ကျွန်မ ခိုဝင် နားနေခဲ့တာ
တံလျှပ်ကို ရေပဲ မြင်နေမိလို့ ပါ…

သို့ ပေမဲ့..
သစ္စာအခင်းကို
မောင့် ခြေအဆင်းမှာ ချနင်းပြီး
ခပ်ပြင်းပြင်းခြေသံတွေနဲ့ 
ပြန်ထွက်သွားတဲ့ အထိတော့
ကျွန်မ မမိုက်မဲချင်တော့ပါဘူး မောင်…



ပုံလေးကို google က ယူပါသည်...

6 comments:

မယ့်ကိုး said...

ညီမလေးရေ... ကဗျာလေး ကြိုက်တယ်။
ညီမလေးစာတွေ များများရေးနိုင်လို့လည်း ဝမ်းသာတယ်။ =)

yangonthar said...

ွှအချစ် .... နဲ့ စွန်းထင်းခဲ့တဲ့ နေရက်တွေဟာ ချိုတစ်လှည့်မြိန်တစ်လှည့် ခါးတစ်လှည့် သက်တစ်လှည့်နဲ့  ..... တံလျှပ်ကို ရေထင် .... အဆိပ်ကို ဝိုင်မြင်ပြီး .... အင်း စူးစူး လက်လက် လက်လက်နဲ့ ပြင်းပြင်းကြီး ပူသွား တော့မှ လက်လွန်နေမှန်းသိရတယ် ကဗျာ ကို ဖျက်သွားတယ် .... :)))) ကဗျာလေး ကောင်း တယ်ဗျာ .... အော် အချစ် အချစ်
ခင်တဲ့ ရန်ကုန်သား
အေးမြသာယာရှိပါစေ :))

Unknown said...

ဝေးး....

အမ ဆူးရေ...

ခံစားချက်တွေ အံထုတ်နေတာလားဗျ...

တကယ်ဖြစ်ခဲ့တယ်ဆိုရင် စိတ်မကောင်းပါဘူး...
ထပ်တူခံစားမိလို့ပါ...

ပျော်ရွှင်ပါစေဗျာ.....
လူတိုင်းလူတိုင်း အချစ်ဆိုတာကို ရူးသွပ်ခဲ့ကြဘူးတယ်လေ....

ချစ်ခင်စွာဖြင့်
ပြည့်စုံ (ဝေါသားလေး)

ဝက်ဝံလေး said...

စာပြန်ရေးနိုင်လို့ဝမ်းသာပါတယ် ဆူးရေ

ကဗျာလေး ဖတ်သွားတယ်သိလား ဒါနဲ့ အားရင် ဇာတ်လမ်းလေးလဲ ဆက်ဦးနော် သိလား ဘိုင် တာ့တာ

တောင်ပေါ်သား said...

ကဗျာလေးက ရင်ကို ထိတယ် ကြိုက်နှစ်သက်မိပါတယ်း)

လေးစားလျက်
တောင်ပေါ်သား

Angel Shaper said...

ကဗျာလေး လာခံစားသွားတယ်နော်။
လှလိုက်တာ ရင်ထဲတစ်မျိုးကြီးပဲ။ ဟိဟိ