Monday, September 14, 2009

အကြွေးဆပ်ခြင်း

ကာရံရဲ့ ဘလော့ကို လာရောက်ကြတဲ့ မောင်နှမများ အားလုံးကို ကာရံရဲ့ ပျက်ကွက်မှုများ အတွက် အရင်ဦးဆုံး တောင်းပန်ပါရစေ...ဘာလို့ လဲဆိုတော့ ကာရံ ဘလော့ကို ပစ်ထားတာ သုံးပတ် ပြည့်ပါတော့မယ်။ တကယ်တော့ ပစ်ထားချင်လို့ ပစ်ထားရတာ မဟုတ်ပါဘူး... ပြောရရင် ကော်နက်ရှင် ဖြတ်ခံထားရလို့ ပါ...ဘာကြောင့် ဖြတ်တယ်ဆိုတာကိုတော့ မပြောတော့ပါဘူး...

ဒီရက်ပိုင်းမှာ ကာရံလည်း အတော့်ကို စိတ်ညစ်စရာတွေနဲ့ ရင်ဆိုင်နေရလို့ ပါ...အဓိကကတော့ သူဌေးနဲ့ ရန်ဖြစ်နေရလို့ ပါပဲ...ဘာပဲဖြစ်ဖြစ် ကာရံ ဘလော့လေးမှာ အသစ်မတင်နိုင်တာရော ကာရံ မောင်နှမတွေရဲ့ အိမ်လေးတွေကို လိုက်မလည်နိုင်တာရော စိတ်ထဲမှာ မကောင်းပါ...မိမိရဲ့ ဆန္ဒတွေကို ချိုးနှိမ်ပြီး ဇာတ်ဆရာအလိုကျ အလိုက်သင့် နေနေရတဲ့ ဘ၀မို့  အားလုံးကို နားလည်စာနာပေးပါလို့ တောင်းပန်ပါရစေ...

အခုတော့ ကော်နက်ရှင် ပြန်ရရချင်း ဘလော့ကို အပြေးကလေးရောက် လာရပါပြီ...ဒါပေမဲ့ သူဌေးနဲ့ တိုက်ပွဲကတော့ အခုထိ စစ်ပြေမငြိမ်းသေးပါဘူး...ဆက်လက်တိုက်နေရဆဲပါ...ဘာပဲပြောပြော ဘလော့လေးကို ပြန်မြင်ရလို ရင်ထဲပီတိ ဂွမ်းဆီထိသလိုပါပဲ... ကာရံမောင်နှမများကို အမြန်ဆုံး အကြွေးဆပ်ပါ့မယ်...၀က်ဝံလေးရဲ့ တဂ်ကိုလည်း ပျက်ကွက်ခဲ့သလို ဖြစ်ခဲ့ရပါတယ်...ရင်ထဲမကောင်းပါ...စိတ်မဆိုးပါစေနဲ့ လို့ ဆုတောင်းနေပါတယ်...မမကိုး စီပုံးမှာ လာမေးထားတာကိုလည်း နေကောင်းပါတယ်လို့ ဖြေနိုင်ပေမဲ့ နောက်တစ်ခု အတွက်တော့ ပြန်ဖြေဖို့ အင်အား မရှိသေးပါ...ကိုသားကြီးကိုလည်း ကိုရီးယား ဇာတ်လမ်းတွဲလောက်တော့ မကြာတော့ပါဘူးလို့ ...ကိုရန်ကုန်ရဲ့ ဆုတောင်းလေးကြောင့်တော့ ကျန်းမာနေသေးကြောင်းပါ..အခြား အားလုံး အားလုံးသော မျှော်နေကြသော မောင်နှမများကို ကာရံအကြွေးတွေ ပြန်ဆပ်နိုင်တော့မှာ ဖြစ်ကြောင်း သတင်းကောင်းလေး ပါးပါရစေရှင်...အားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းကြပါစေ..

6 comments:

မယ့်ကိုး said...

ညီမလေးရေ...

ညီမလေးနေကောင်းအဆင်ပြေဖို့ အရေးကြီးဆုံးပါ။ မမတို့ အားလုံးနားလည်ပါတယ်။ စိတ်ချမ်းသာအောင် နေနော်။

ဘယ်လောက်ပဲ ဘလော့လေးနေ ပြတ်နေပါစေ မမေ့ဘူးသိလား။အားပေးနေမြဲနော်။

yangonthar said...

အလုပ်မှာ အဆင်ပြေပါစေ
ဟုတ်တယ်ဗျ တခါတရံ ကိုယ့်ဘောစ့်နဲ့  ပြဿ နာတက်နေရင် အတော် စိတ်အနှောက်အယှက် ဖြစ်ရတယ် ..... ပျော်ရွှင်ပါစေ မကာရံရေ
ခင်တဲ့
ရန်ကုန် :)

သားကြီး said...

welcome back
we miss u......

သားကြီး said...

သူဋ္ဌေးဆိုတဲ့လူတွေက ဒီလိုပဲ
ပိုက်ဆံရှိတိုင်း သူတို့ကိုသူတို့ ဘာထင်နေကြလဲမသိဘူး
ပေါင်းရသင်းရ ခက်တယ်
ကိုယ်ဆိုရင် ဘယ်သူဋ္ဌေးနဲ့မှအဆင်မပြေဘူး
အဲဒါလည်းပျော်ပျော်ပဲ ဟဲဟဲ

သားကြီး said...

လုပ်ဟာ
စာတွေမြန်မြန်ဆက်ရေး
နောက်ကျနေပြီ

ဝက်ဝံလေး said...

ကိုသားကြီးရယ် ဘယ်လိုဖြစ်နေတာလဲ သူများကို အားမှန်းမသိ မအားမှန်းမသိ အလိုက်ကန်းဆိုးကို မသိဘူး ငါ့ ဒက်ဒီကတော့ ရိုက်ပေါက်ပဲ ဟွန်းးး

ဆူးရေ မမဆူး ဘာကိုမှ စိတ်ထဲမထားပါနဲ့ အဆင်ပြေအောင်သာ နေပါ တဂ် ကိစ္စလဲ ခေါင်းထဲမထားပါနဲ့ ရပါတယ် မမကို အာရုံမများစေချလို့ပါ ဇာတ်လမ်းလဲ ရေးနိုင်ရင် ရေးပေါ့ သိပ်တော့ တွန်းအား မပေးပါဘူးနော် သိလား

နားလည်တယ် စာနာတယ် အားပေးစကားအများ ကြီး ပြောချင်ပေမယ့် ဘာပြောရမယ်မှန်းမသိလို့ ဒီလောက်ပဲနော် ခွင့်လွှတ်နော် သိလား

ဘိုင်တာ့တာ အခုလို ပြန်ပေါ်လာတာပဲ ကျေးဇူးတင်ပါတယ် နေကောင်းတယ် ဆိုရင် ပြီးတာပါပဲ အဓိက က လူနေကောင်းဖို့ပါပဲ မမရယ်

ကဲ ကဲ စကားကြီး စကားကျယ်တွေ ပြောခဲ့ပြီး အမြင်မကတ်နဲ့နော် သိလား ဘိုင်တာ့တာ အစစ အရာရာ အားလုံး အဆင်ပြေပါစေ နော်